မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ ဒသမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအား ကျင်းပပြီးစီးခဲ့ခြင်း

  (၂) ရက် ၊ မတ်လ ၊ ၂၀၂၂ ခုနှစ်

မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးအား ၂၀၂၂ ခုနှစ်အတွက် Online စနစ်ဖြင့် (Zoom Meeting) မတ်လ(၂) ရက်တွင် ကျင်းပပြီးစီးခဲ့ပါသည်။

ယခုနှစ်အစည်းအဝေးတွင် (၂၀၂၂-၂၀၂၄) သက်တမ်းအတွက် အသင်း၏ အလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အသစ်များအား အသင်းဝင်ဆေးရုံများမှ မဲပေးရွေးချယ်ခြင်းအခမ်းအနားလည်း ပါဝင်ခဲ့ပါသည်။ အစည်းအဝေးတက်ရောက်လာကြသော အသင်းဝင်ဆေးရုံများထဲမှ အဆင့်ဆင့် ဆန္ဒမဲပေးရွေးချယ်ခဲ့ကြပြီး အောက်ပါဆေးရုံ (၁၅) ရုံမှာ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ ဗဟိုအလုပ်အမှုဆောင်အသစ်များအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါသည်။

  1. ဆာကူရာဆေးရုံ - ဒေါက်တာထင်ပေါ် (ဥက္ကဌ)
  2. မြို့တော်ဆေးရုံ - ဒေါက်တာကြူကြူ (ဒုဥက္ကဌ)
  3. ဝိတိုရိယဆေးရုံ - ဒေါက်တာအေးအေးစန်း (ဒုဥက္ကဌ)
  4. ပန်းလှိုင်ဆေးရုံ (ရန်ကုန်) - ဒေါက်တာသက်သက်ခိုင် (အထွေထွေအတွင်းရေးမှူး)
  5. မန္တလာဆေးရုံ - ဦးစိုးမြင့် (တွဲဖက်အတွင်းရေးမှူး)
  6. အောင်မြင်မြင့်မိုရ်ဆေးရုံ - ဒေါက်တာညီညီလတ် (တွဲဖက်အတွင်းရေးမှူး)
  7. ပန်းလှိုင်ဆေးရုံ - ဒေါက်တာဥမ္မာရှိန် (ဘဏ္ဍာရေးမှူး)
  8. အာရှတော်ဝင်ဆေးရုံ - ဒေါက်တာအောင်ပြည့်ကျော် (ဘဏ္ဍာရေးမှူး)
  9. SSC (ရွှေဂုံတိုင်) ဆေးရုံ - ဒေါက်တာမိုမို (စာရင်းစစ်)
  10. သီရိစန္ဒာဆေးရုံ - ဦးမိုးနိုင်မြင့် (ပြန်ကြားရေးမှူး)
  11. ဝယ်စလီဆေးရုံ - ဒေါက်တာထန်ဘီလွယ် (အဖွဲ့ဝင်)
  12. ချမ်းငြိမ်းအောင်ဆေးရုံ - ဒေါက်တာကျော်မင်းဦး (အဖွဲ့ဝင်)
  13. မင်္ဂလာဆေးရုံ - ဒေါက်တာကျော်ရှိန် (အဖွဲ့ဝင်)
  14. ဂရန်းဒ်ဟန်သာဆေးရုံ - ဒေါက်တာဖြိုးမြတ်ခိုင် (အဖွဲ့ဝင်)
  15. အာယုအင်တာနေရှင်နယ်ဆေးရုံ - ဒေါက်တာနွေးနုဝေ (အဖွဲ့ဝင်)

မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ (၂၀၂၂-၂၀၂၄) သက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင် အသစ်များအား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။