Embassy of the Republic of Korea နှင့် KOTRA တို့မှ ပြုလုပ်ကျင်းပခဲ့သော Myanmar Healthcare Industry Webinar ပွဲအား တက်ရောက်ခဲ့ခြင်း။

  (၁၂) ရက် ၊ မေလ ၊ ၂၀၂၂ ခုနှစ်

Inya Ballroom, Melia Hotel, Yangon.

Embassy of the Republic of Korea နှင့် KOTRA တို့မှ မေလ (၁၂) ရက်တွင် Melia Hotel (Inya Ballroom) တွင်ပြုလုပ်ကျင်းပခဲ့သော Myanmar Healthcare Industry Webinar ပွဲအား KOTRA (Commercial Section of Korea Embassy) မှ Korean Deputy Director General ၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း (MPHA) ၏ ဥက္ကဌ ဒေါက်တာထင်ပေါ်နှင့် တွဲဖက်အတွင်းရေးမှူး ဦးစိုးမြင့်တို့မှ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါပွဲသို့ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း၏ ဗဟိုအလုပ်အမှုဆောင်ဝင်များဖြစ်ကြသော ဝိတိုရိယဆေးရုံ နှင့် အာယုအင်တာနေရှင်နယ်ဆေးရုံတို့မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။