“HMA 2022: Digistalisation in the right perspective” ခေါင်းစဉ်ဖြင့် ပြုလုပ်ကျင်းပသည့် Hospital Management Asia 2022 ပွဲအား တက်ရောက်ခဲ့ကြသော မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း (MPHA) အသင်းဝင်ဆေးရုံများမှ ကိုယ်စားလှယ်များ။

  (၈) ရက် ၊ စက်တင်ဘာလ ၊ ၂၀၂၂ ခုနှစ်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့များတွင် CentaraGrand at Central World, Bangkok, Thailand တွင် ပြုလုပ်ကျင်းပခဲ့သော “HMA 2022: Digistalisation in the right perspective” Hospital Management Asia 2022 ပွဲအား MPHA အသင်းဝင် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ဆေးရုံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

ထို့အပြင် HMA 2022 ပွဲမှ အရှေ့တောင်အာရှနိုင်ငံအသီးသီးရှိ private association partners များအတွက် သီးသန့်ပြုလုပ်သော HMA Advisory Lunch အား မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း (MPHA) ကိုယ်စားပြုအဖြစ် အသင်း၏ တွဲဖက်အတွင်းရေးမှူး ဆရာဦးစိုးမြင့် (မန္တလာဆေးရုံ) မှ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။